နိုင်ငံအတွက် အားထားသုံးစွဲနိုင်ပြီး ချိုသာသောဈေးနှုန်းဖြင့် နေရာတိုင်း ချိတ်ဆက်အသုံးပြုနိုင်သော အင်တာနက်ကို ဖြန့်ဝေပေးနိုင်ရန် Myanmar Net မှ Ruckus Networks နှင့် လက်တွဲ



နေပြည်တော်၊ မြန်မာ - Media OutReach - အောကျတိုဘာလ 02 - ARRIS ကုမ္ပဏီတစ်ခုဖြစ်သည့် Ruckus Networks က ၄င်းတို့ကုမ္ပဏီသည် သာမန်လူထုအတွက် ကြိုးမဲ့ကွန်ရက်တစ်ခုကို ထိထိရောက်ရောက်ဖြန့်ကျက်အသုံးချနိုင်ရန် မြန်မာတွင် ပထမဆုံးအနေဖြင့် Myanmar Net နှင့် စီးပွားဖက်အဖြစ် လက်တွဲလိုက်ကြောင်းကို ယနေ့တွင် ကြေငြာလိုက်သည်။ Myanmar Net သည် နိုင်ငံအတွင်း အကြီးဆုံးအင်တာနက် ဝန်ဆောင်မှုပေးသူ (ISP) ဖြစ်ပြီး သုံးစွဲသူမြောက်များစွာထံ ထိရောက်ပြီး ဈေးနှုန်းချိုသာသော ချိတ်ဆက်ပေးနိုင်စွမ်းကို ဖြန့်ဝေပေးရန် ရည်မှန်းချက်ထားသည်။ ရလဒ်အနေဖြင့် ရန်ကုန်နှင့် မန္တလေးရှိ အထင်ကရ မြို့နယ်များအားလုံးအနှံ့တွင် အသုံးပြုသူ ၄၀ဝ,ဝ၀ဝ ကျော်ရှိပြီး ယခုအခါ အင်တာနက် ဝန်ဆောင်မှုများကို ဈေးနှုန်းချိုသာစွာဖြင့် သုံစွဲနိုင်ပြီဖြစ်သည်။

Myanmar Net သည် ဤရည်မှန်းချက် အောင်မြင်စေရန် အရည်အသွေးမြင့်ပြီးအားထားရသော အဆင့်ရှိ Wi-Fi နည်းပညာများကို သုံးခြင်းနှင့် Ruckus Wireless ၏ တသတ်မတ်တည်းရှိသော စွမ်းဆောင်ရည်နှင့် င်းတို့ဖြေရှင်းနည်းများ၏ အားထားနိုင်မှုကြောင့် ယင်းကုမ္ပဏီနှင့် လက်တွဲလုပ်ဆောင်ကြိုးစားးခြင်း ဖြစ်သည်။ ဤမိတ်ဘက်အဖြစ်လက်တွဲမှုမှ ရရှိသော အဓိက အကျိုးကျေးဇူးများ

  • မိုဘိုင်းအော်ပရေတာများထံမှ လက်ရှိ ဒေတာသုံး အစီအစဉ်များ၏ ဈေးနှုန်းနှင့် ယှဉ်နိုင်ရန် သုံးစွဲသူများကိုရော၊ စီးပွားရေး လုပ်ငန်းများကိုပါ မြန်နှုန်း 62 Mbps ထိရရှိနိုင်သည့် မြန်နှုန်းမြင့် အင်တာနက်ကို ချိုသာသော ဈေးနှုန်းဖြင့် ပံ့ပိုးပေးနိုင်ခြင်း။
  • ဒေတာ-စွမ်းအားမြင့် အပလီကေးရှင်းများကို သုံး၍ သုံးစွဲသူများအတွက် သာလွန်ကောင်းမွန်သော ချိတ်ဆက်မှုကို ပေးရင်း တစ်ချိန်တည်းတွင် ကွန်ရက်ဖြန့်ကျက်နိုင်သော ဧရိယာတစ်ခွင်လုံးတွင် လှိုင်းခွင် (bandwidth) မျှသုံးခြင်းကို အကောင်အထည်ဖော်ခြင်းအားဖြင့် လုပ်ငန်းလည်ပတ်စရိတ်များကို လျှော့ချနိုင်ခြင်း။
  • အဆောက်အအုံတွင်း သို့မဟုတ် အဆောက်အအုံများပြင်ပ ဖြန့်ကျက်နိုင်အားဟူ၍ သက်ဆိုင်ခြင်းမရှိ ဘဲ သုံးစွဲသူအားလုံး၏ လိုအပ်ချက်အားလုံးကို အရည်အသွေးမြင့်မြင့် စွမ်းဆောင်မှု ပေးနိုင်ခြင်း။

 

ဤအရည်အသွေးမြင့် ချိတ်ဆက်မှု စနစ်၏ ရလဒ်ကြောင့် ယခုအခါ Myanmar Net သည် သုံးစွဲသူများ အတွက် တန်ဖိုးမြင့်ဝန်ဆောင်မှု အထူးအစီအစဉ်များနှင့် ဈေးနှုန်းချိုသာမှု ပေးစွမ်းရန် ၄င်းတို့၏ ဟိုက်ဘရစ်မက်ထရို ဖြန့်ဖြူးမှုကွန်ရက် လည်ပတ်ချိန်ကို ပိုကောင်းမွန်စေရေးတို့ကို ပိုမို အာရုံစိုက်ရန်နှင့် ရင်းမြစ်များ ပိုမိုရရှိနိုင်ပြီဖြစ်သည်။

 

နောက်ထပ် အချက်အလက်များအတွက် ဆန်းစစ်ချက်မှတ်တမ်းကို ဤနေရာတွင် ဒေါင်းလုဒ်ယူပေးပါ- "အများတတ်နိုင်သော၊ အကြားအလပ်မရှိ အင်တာနက် ချိတ်ဆက်မှုဖြင့် မြန်မာကို ဒစ်ဂျစ်တယ်အနာဂတ်နှင့် ချိတ်ဆက်ပေးနေသော -- Myanmar Net"။

 

Ruckus Networks အကြောင်း

Ruckus Networksသည် ARRIS ကုမ္ပဏီတစ်ခုဖြစ်ပြီး ကမ္ဘာတဝန်းတွင် ဆက်သွယ်ချိတ်ဆက်နိုင်မှုကို ဆန်းစစ်ပြောင်းလဲလျက်ရှိသည်။  ကျွန်ုပ်တို့၏ စီးပွားဖက်များနှင့်အတူ ရည်ရွယ်သည့်သုံးစွဲသူများအတွက် အကောင်းဆုံးအရည်အသွေးရှိသည့် ချိတ်ဆက်ပေးနိုင်စွမ်း အတွေ့အကြုံနှင့် အလားတူ IT အတွက် ရိုးရှင်းမှုရှိခြင်းအနေအထားသို့ ရောက်ရှိစေရန် လုံခြုံစိတ်ချရသော ကြိုးရှိ၊ ကြိုးမဲ့ ချိတ်ဆက်နိုင်သော ကွန်ရက်များကို အဖွဲ့အစည်းများအတွက် ကျွန်ုပ်တို့က တည်ဆောက်ထားပါသည်။

 

ARRIS အကြောင်း

ARRIS International plc (NASDAQ: ARRS) သည် စမတ်ကျပြီး ချိတ်ဆက်နိုင်စွမ်းရှိသော ကမ္ဘာတစ်ခုဆီ အင်နှင့်အားနှင့်တွန်းထိုးသွားလျက်ရှိသည်။ ကုမ္ပဏီ၏ ဟာ့ဒ်ဝဲ၊ ဆော့ဖ်ဝဲနှင့် ဝန်ဆောင်မှုများတွင် ဦးဆောင်နိုင်စွမ်းရှိခြင်းသည် လူသားများနှင့် လုပ်ငန်းများ အဆက်မပြတ်ရှိခြင်း၊ ဖျော်ဖြေခြင်း၊ ချိတ်ဆက်ခြင်းနည်းလမ်းများကို ပြောင်းလဲပစ်လိုက်သည်။ နောက်ထပ် အချက်အလက်များအတွက် www.arris.com သို့ ဝင်ကြည့်ပါ။

 

မူပိုင်ခွင့် © 2018 ARRIS Enterprises, LLC. ရပိုင်ခွင့်အားလုံးကို ထိန်းသိမ်းထားပြီးဖြစ်သည်။ Ruckus, Ruckus Networks, Ruckus အမှတ်တံဆိပ်နှင့် BeamFlex ကုန်အမှတ်တံဆိပ်များကို U.S နှင့် အခြားနိုင်ငံများတွင် မှတ်ပုံတင်ထားသည်။ ဤစာရွက်စာတမ်းတွင် သို့မဟုတ် ဝဘ်ဆိုက်တွင် ဖော်ပြထားသော အခြားသော အမည်များနှင့် အမှတ်တံဆိပ်များအား အခြားသူများ၏ ပိုင်ဆိုင်ပစ္စည်းအဖြစ် တောင်းဆိုနိုင်ပါသည်။



The issuer is solely responsible for the content of this announcement.
SOURCE:

Ruckus Networks

CATEGORY:

Business

READ IN:

English

PUBLISHED ON:

02 Oct 2018 10:00am

Past Press Releases

MORE

Talk to Media OutReach Newswire today

CONTACT US NOW