Nexusguard သုတေသနက DNS Amplification တိုက်ခိုက်မှုက တစ်နှစ်ထက်တစ်နှစ်ပိုလာကာ 4,800% နီးပါး ကြီးထွားလာသည်ကို ပြသပြီး TCP SYN Flood တွင် ရုတ်တရက်မြင့်တက်မှုဖြင့် မီးမောင်းထိုးပြထားသည်



Enterprise ကွန်ရက် နှင့် telcos တို့အနေဖြင့် သုံးစွဲသူ bandwidth ကို စားသည့် junk traffic ကို ရှောင်ကျဉ်ရန်အတွက် ခြိမ်းခြောက်မှုဟောင်းများ ပြန်ပေါ်လာခြင်းကို သတိထားပါသည်

ဆန်ဖရန်စ္စကို (SAN FRANCISCO) -Media OutReach - ၂၀၂၀ ခုနှစ် ဇန္နဝါရီလ ၆ ရက် - Nexusguard ၏ Q3 2019 Threat Report အရ DNS amplification တိုက်ခိုက်မှုများက ၂၀၁၈ ခုနှစ် တတိယ လေးလပတ်တလျှောက်တွင် attacks continue to increase in number, growing 4,788% သို့ ကြီးထွားကာ အရေအတွက် ဆက်လက်မြင့်တက်လာသည်။ DNSSEC (ဒိုမိန်း အမည်စနစ် လုံခြုံရေး ဆန့်ထုတ်မှုများ (Domain Name System Security Extensions)) က ဤလေးလပတ်အတွင်း DNS amplification တိုက်ခိုက်မှုများ ကြီးထွားလာရခြင်းတွင် ပင်မမောင်းနှင်သူအဖြစ် ဆက်လက်ရှိနေပါသော်လည်း Nexusguard သုံးသပ်သူများက TCP SYN Flood တိုက်ခိုက်မှုများတွက် ရုတ်တရက် စိတ်ပူစရာကောင်းလှအောင် မြင့်တက်မှုကို စုံစမ်းတွေ့ရှိခဲ့ကြသည်။ TCP SYN Flood ဆိုသည်မှာ နည်းနိသျအသစ်တစ်ခုမဟုတ်သော်လည်း တွေ့ရှိချက်များအရ ယင်းနည်းစနစ်များသည် ခေတ်မီရှုပ်ထွေးလာပြီး DNS amplification နှင့် HTTP flood တိုက်ခိုက်မှုများနောက်မှလိုက်ပြီး တတိယ အသုံးအများဆုံး တိုက်ခိုက်ရေးပစ္စည်းအဖြစ် ပေါ်ထွန်းလာခဲ့သည်။

 

ဆိုက်ဘာ တိုက်ခိုက်သူများ (Cyberattackers) တွင် ကြာရှည်ကြာများ ဦးစားပေးသည့် ရင်းမြစ်များလိုအပ်သည်ထက် ပိုပြီး ပျက်စီးမှုကို အားမြင့်စေသည့် DDoS တိုက်ခိုက်မှုများရှိသော်လည်း သင့်လျော်သည့် တန်ပြန်သူများ သို့မဟုတ် အားမြှင့်သူများမှာ  DNS amplification နှင့် memcached တန်ပြန်တိုက်ခိုက်သူများလောက် ကျယ်ကျယ်ပြန့်ပြန့်ရှိမနေပါ။ မတူညီသည်မှာ   TCP ပို့တ် အပွင့်တစ်ခုပါသည့် ဆာဗာတစ်ခုခုသည် အကောင်းဆုံး တိုက်ခိုက်ရေးပစ္စည်းတစ်ခုဖြစ်ပြီး ယင်းသို့သော တန်ပြန်သူများကို ကျယ်ကျယ်ပြန့်ပြန့်ရရှိနိုင်ပြီး SYN Flood တန်ပြန်တိုက်ခိုက်မှုများဖြစ်စေရန် အလွယ်တကူအလှမ်းမီသည်။

 

အကျိုးဆက်အားဖြင့် SYN Flood တန်ပြန်မှုက ဦးတည်ပစ်မှတ်အထားခံရသူများကို ထိသည်သာမကသော်လည်း တစ်သီးပုဂ္ဂလပုဂ္ဂိုလ်များ၊ စီးပွားရေးလုပ်ငန်းများ နှင့် အခြားအဖွဲ့အစည်းများကဲ့သို့သော အပြစ်မရှိသည့် သုံးစွဲသူများကိုလည်း ထိခိုက်စေနိုင်သည်။ ယင်း အပြစ်မရှိသည့်သားကောင်းများမှာ အယောင်ဆောင်တောင်းဆိုချက်များ နှင့် တိုက်ခိုက်သည့်ပစ်မှတ်ထံမှ အမှန်တကယ်အကြောင်းပြန်ဟန်ရှိသည့် ထုထည်ကြီးကြီးမားမားများကို စီစဉ်လုပ်ဆောင်ရခြင်းဖြင့် အဆုံးသတ်ရတတ်သည်။ ရလဒ်အနေဖြင့် ဘေးမှနေသူများအနေဖြင့် junk traffic မှ စားသွားသော bandwidth အတွက် အခကြေးငွေအမြောက်အများကို  ပေးချေရနိုင်သလို ကြားထဲမှ ပြတ်တောက်မှုမျိုးပင် ခံစားရနိုင်သည်။  

 

"ကျွနု်ပ်တို့၏ သုတေသနတွေ့ရှိချက်များက plain-vanilla ကွန်ရက်တိုက်ခိုက်မှုများကိုတောင်မှ ယခင်နှစ်က ကျွန်ုပ်တို့  ဖော်ထုတ်သတ်မှတ်ခဲ့သော carpet bombing ဟုလည်းခေါ်သည့် bit-and-piece တိုက်ခိုက်မှုများမှ အဆင့်မြင့်နည်းစနစ်များဖြင့်  မောင်းနှင်သည့် ရှုပ်ထွေး၊ ဖုံးကွယ်ထားသည့် တိုက်ခိုက်မှုများအဖြစ်သို့ ပြောင်းလဲကာ တတိယလေးလပတ်အတွင်း Distributed Reflective DoS (DRDoS) တိုက်ခိုက်မှုများဖြစ်လာသည်ဟု ဖော်ထုတ်ပြသခဲ့သည်။ Telcos and enterprises အနေဖြင့် အဆိုပါ နည်းစနစ်များက ကွန်ရက် bandwidth ပေါ်တွင် သတိထားမိလောက်သော အားအင်မျိုး မဖြစ်ပေါ်စေသော်လည်း ယင်းက မသိလိုက်ပဲဆက်ဖြစ်ကာ ၄င်းတို့က ယင်းဝန်ဆောင်မှုများအပေါ် ထိခိုက်စေလောက်အောင် စွမ်းအင်ရှိကြောင်းကို မှတ်သားရမည်။ "ယင်းသို့သော ခြိမ်းခြောက်မှုများကို ကိုင်တွယ်ရန် အဆင့်မြင့် လျှော့ချရေးနည်းလမ်းများလိုအပ်သည်" ဟု Nexusguard အတွက် နည်းပညာဆိုင်ရာ အမှုဆောင်အရာရှိချုပ်ဖြစ်သူ Juniman Kasman က ပြောကြားခဲ့သည်။


 

အစီရင်ခံစာ တွေ့ရှိချက်များက တတိယလေးလပတ် (Q3) အတွင်း တိုက်ခိုက်မှုအသွားအလာမှ 44% က botnet-hijacked Windows OS ကွန်ပျူတာများ နှင့် ဆာဗာများမှ လာခဲ့ကြောင်းလည်း ပြသခဲ့သည်။ ဒုတိယအကြီးဆုံး အသွားအလာ ရင်းမြစ်က iOS တပ်ဆင်ထားသည့် မိုဘိုင်းကိရိယာများမှ လာခဲ့သည်။ တိုက်ခိုက်မှု စုစုပေါင်းက 2019 ခုနှစ်တွင် မျက်မြင်တွေ့ရှိခဲ့သည့် ပုံစံများအတိုင်း ဖြစ်သော်လည်း တိုက်ခိုက်မှုအရေအတွက် အများဆုံးကို ပထမလေးလပတ် (Q1) တွင် တွေ့ရှိခဲ့ပြီး အရေအတွက်က ဒုတိယလေးလပတ် (Q2) နှင့် တတိယ လေးလပတ် (Q3) တလျှောက်တွင် ကျဆင်းသွားသည်။ တိုက်ခိုက်မှုထုထည်က. 2019 ဒုတိယလေးလပတ် (Q2) ကတည်းက ကျဆင်းသွားချိန်တွင် အဆင့်များက ယမန်နှစ် ယခုလေးလပတ်နှင့် နှိုင်းယှဉ်လျှင် 85% ကျော် ကြီးထွားလာခဲ့သည်။ ကမ္ဘာတစ်ဝှမ်းတိုက်ခိုက်မှုများအားလုံး၏ တစ်ဝက်ကျော်မှာ တရုတ်နိုင်ငံ၊ တူရကီနိုင်ငံ နှင့် အမေရိကန်ပြည်ထောင်စုတို့တွင် စတင်ခဲ့သည်။

 

Nexusguard ၏ လေးလပတ် DDoS ခြိမ်းခြောက်မှု သုတေသနက ကုမ္ဗဏီများ၏ ထိခိုက်နိုင်ချေများကို ခွဲခြားသတ်မှတ်ရန် နှင့် ကမ္ဘာ့ ဆိုက်ဘာ လုံခြုံရေးလမ်းကြောင်းများအကြောင်း အချက်အလက်သိရှိနေစေရန် botnet scanning၊ honeypots၊ CSPs တို့မှ တိုက်ခိုက်မှု ဒေတာများ နှင့် တိုက်ခိုက်သူများ နှင့် ၄င်းတို့၏ ပစ်မှတ်များအကြား အသွားအလာလှုပ်ရှားမှုများကို စုဆောင်းပါသည်။   ထပ်ဆောင်း အသေးစိတ်အချက်များ ရရှိရန်အတွက် "Q3 2019 Threat Report" အပြည့်အစုံကို ဖတ်ရှုပါ။




The issuer is solely responsible for the content of this announcement.
Nexusguard အကြောင်း
Nexusguard အကြောင်း

Founded in 2008 ခုနှစ်တွင် တည်ထောင်ခဲ့သည့် Nexusguard သည် အန္တရာယ်ရှိသော အင်တာနက်တိုက်ခိုက်မှုများကို တွန်းလှန်သည့် ကလောက်အခြေခံ distributed denial of service (DDoS) လုံခြုံရေးဆိုင်ရာဖြေရှင်းချက် ပေးအပ်သူများတွင် ဦးစီးဦးဆောင်တစ်ဦး ဖြစ်ပါသည်။ Nexusguard က ပြန်တောက်မှုမရှိသည့် အင်တာနက်ဝန်ဆောင်မှု၊ မြင်နိုင်စွမ်း၊ ထိရောက်မှုအရှိဆုံးဖြစ်အောင်လုပ်နိုင်မှု နှင့် လုပ်ငန်းဆောင်ရွက်မှုတို့ သေချာစေသည်။ Nexusguard သည် ဆက်လက်ဖွံ့ဖြိုးတိုးတက်မှုအပေါ် အာရုံစိုက်ပြီး သီးခြားစီးပွားရေးလုပ်ငန်း နှင့် နည်းပညာရပ်လိုအပ်ချက်များရှိသည့် စီးပွားရေးလုပ်ငန်း မျိုးစုံတစ်ခွင်ရှိ ဖောက်သည်တိုင်းအတွက် အကောင်းဆုံး ဆိုက်ဘာဖြေရှင်းချက်ပေးအပ်ပါသည်။ Nexusguard က ပြောဆိုဆက်သွယ်ရေးဝန်ဆောင်မှုပေးအပ်သူများအနေဖြင့် DDoS  ကာကွယ်ရေးဖြေရှင်းချက်များကို ဝန်ဆောင်မှုတစ်ခုအနေဖြင့် ပေးအပ်နိုင်စွမ်းလည်း ရှိစေပါသည်။ Nexusguard က ခြိမ်းခြောက်မှုများကို တန်ပြန်ခြင်း နှင့် ကွန်ရက်တက်နေချိန် အမြင့်ဆုံးဖြစ်ကြောင်း သေချာစေခြင်းဖြင့် သင်အား စိတ်ချမ်းသာမှုပေးအပ်ရန်ဆိုသည့် ၄င်း၏ ကတိကဝတ်များကို  တည်စေပါသည်။ ထပ်ဆောင်းအချက်အလက်များ ရရှိရန်အတွက် www.nexusguard.com ကို ဝင်ရောက်ကြည့်ရှုပါ။

SOURCE:

Nexusguard

CATEGORY:

Technology

PUBLISHED ON:

06 Jan 2020 10:00am

Past Press Releases

MORE
#Business #Technology

14 May 2024 10:00am HKT

Nexusguard: 87% of DDoS Attacks Targeted Windows OS Devices in 2023

Talk to Media OutReach Newswire today

CONTACT US NOW